![](https://www.sonicstartravel.com/Tour/public/storage/images/products/bc.jpg)
Bangkok Cambodia
Day 1: ရန်ကုန် ~ ဘန်ကောက်
ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ပျံသန်းပါမည်။ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး ဟိုတယ်သို့ပို့ဆောင်ပေးပါမည်။ ဘန်ကောက်ရှိ ရှိ ဟိုတယ်တွင် တစ်ညတာအိပ်စက်ပါမည်။
Day 2: ဘန်ကောက် (မနက်စာ)
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ထိုင်းလူမျိုးများ ကိုးကွယ်ယုံကြည်မှု
နှင့် အတူ အထွဋ္ဋ်အမြတ်ထားရာ မြဘုရား နှင့် ဘန်ကောက် ၏ ဆွဲဆောင်ရာ နေရာတစ်ခုဖြစ်သော
Royal Grand Palace တော်ဝင်နန်းတော် သို့ သွားရောက်လည်ပတ်ပါမည်။ ဆက်လက်ပြီး ဘန်ကောက်မြို့ရဲ့
Iconic Landmark လို့ခေါ်ရ လောက် အောင် ရှေးအကျဆုံးနဲ့ နာမည်အကြီးဆုံးဖြစ်ပြီး ကျောက်ဖရား
မြစ်ရဲ့ အနောက်ဖက်ကမ်းမှာတည်ရှိသော အာရုံဉီးဘုရား ခေါ် Wat Arun Temple ကိုသွားရောက်ဖူးမျှော်ပါမည်။ ဆက်လက်ပြီး ယုံကြည် ကိုးကွယ်
သူတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးသည့်ဟု နာမည်ကြီးတဲ့ ဘန်ကောက် မြို့ လည် က Erawan
Shrine (လေးမျက်နှာ ဘုရား) သို့သွားရောက်ဖူးမျှော်ြပီး ဆုတောင်းကြပါမည်။ ထို့နောက် ဘန်ကောက်မြို့ရှိ စုံလင်လှတဲ့ ကုန်းနေရေနေ သတ္တဝါတွေကို သွားရောက် လည်ပတ်ကြည့်သင့်တဲ့
သဘာဝတောရိုင်း တိရစ္ဆာန်တွေကို အနီးကပ်လေ့လာနိုင်မယ့် Safari World (Closed every Monday) နှင့် ပျော်ရွှင် ကြည်နူး စရာ
တိရိစ္ဆာန်တွေရဲ့ စွမ်းရည်ပြပွဲ Dolphin Show နှင့် အခြားရှိုးပွဲပေါင်းများစွာ
တွေကို ကြည့်ရှုခံစားရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူး နိုင်မယ့် Marine
Park စတဲ့နေရာတွေကို ပို့ဆောင် ပေး ပါမည်။ နေ့လည်စာကို Safari
World တွင် Buffet စနစ်ဖြင့်သုံးဆောင်ပါမည်။ ဆက်လက်ပြီး
ဈေးဝယ်အစီအစဉ် အဖြစ် ဘန်ကောက် ရှိ နံမည် ကြီး MBK Shopping Mall / Platinum Shopping Mall သွားရောက်ပြီး စျေးဝယ်ထွက်ပါမည်။ ညစာအား ဘန်ကောက် ရှိအမြင့်ဆုံးတာဝါထဲမှ တစ်ခု ဖြစ်သော
Baiyoke Sky Hotel တွင်အမျိုးအစား စုံလင်လှသည့် စားသောက်ဖွယ်ရာများအား ဘူဖေး
ပုံစံသုံးဆောင်ရင်း ဘန်ကောက် မြို့ ပြ ညအလှ ကို ခံစားကြပါမည်။ ထို့နောက်
ဘန်ကောက်ရှိ ဟိုတယ်တွင် အိပ်စက် အနားယူ ပါမည်။
Day 3: ဘန်ကောက် ~ စီရမ်ရိမြို့ (ကမ္ဘောဒီးယား ) (မနက်စာ၊ --- ၊ ညစာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီး
လေဆိပ်သို့ပို့ဆောင်ပေးပါမည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကမ္ဘောဒီးယားနိုင်ငံ
စီရမ်ရိမြို့သို့ ပျံသန်းပါမည်။ ကမ္ဘောဒီးယား နိုင်ငံ ရောက်ရှိပြီး ဒေသဆိုင်ရာ
ဧည့်လမ်းညွှန်မှ လာရောက်ကြို ဆိုပြီး တော်ဝင် နန်းတော်ရှေ့ရှိ Preah Ang Chek
နှင့် Preah Ang Chorm ဘုရားကျောင်းသို့ သွားရောက် လည်ပတ်ပါမည်။ ဒေသခံတွေအတွက်တော့
Sister Temple ဟာ သူတို့ရဲ့ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး များသောအားဖြင့် အရေးကြီးတဲ့
ပွဲတော် ကာလတွေမှာ ကိုးကွယ်ဖို့ သွားလေ့ရှိပါတယ်။ ဒေသခံ ဒဏ္ဍာရီတွေအရ Preah Ang
Chek Preah Ang Chorm Shrine ဟာ အသစ်စက်စက် ဇနီးမောင်နှံတွေအတွက် ကံကောင်းခြင်းတွေ
ယူဆောင် လာပေး တယ် ဟုယုံကြည်ကြပါတယ်။ ဆက်လက်ပြီး
ကမ္ဘောဒီးယားဂန္ထဝင်အနုပညာလက်ရာများ၏ သစ်သားနှင့် ကျောက်ထွင်းလက်ရာများ ကို သင်ကြား
ပေးသည့် နေရာဖြစ်သည့် Les Chan tiers
Ecoles Artisans D' Angkor သို့သွားရောက် လည်ပတ် ပါမည်။ Artisans Angkor သည် ကမ္ဘောဒီးယားလူမှုရေး
စီးပွားရေး လုပ်ငန်းဖြစ်ပြီး ကျေးလက်ဒေသရှိ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း
များ ဖန်တီးပေးကာ ရိုးရာလက်မှုပညာကို ပြန်လည်အသက်သွင်းပေးသည့်
လုပ်ငန်းတစ်ခုဖြစ်သည်။ ဆက်လက်ပြီး Tonle
Sap Lake ရှိ ရေပေါ်ကျေးရွာသို့ သွားရောက်လည်ပတ်ပါမည်။ Tonlé
Sap သည် အရှေ့တောင်အာရှတွင် အကြီးဆုံး ရေချိုအိုင်ဖြစ် ပါသည်။ ညစာကို ဒေသဆိုင်ရာ
စားသောက်ဆိုင်တွင် သုံးဆောင်ပြီး Siem Reap ရှိ ဟိုတယ်တွင် တစ်ညတာ အိပ်စက်ပါမည်။
Day 4: စီရမ်ရိမြို့ (မနက်စာ၊ နေ့လည်စာ၊ ညစာ)
ထို့နောက် Angkor Thom ဘုရားကျောင်း၏ တောင်ဘက်တံခါးသို့ဝင်ပြီး အံ့သြဖွယ် ကောင်းသော Bayon Temple သွားရောက် ပါမည်။ Bayon Temple သည် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှိ ဗုဒ္ဓဘာသာနှင့်ခမာဘုရားကျောင်း ဖြစ်ပါသည်။ ၁၂ ရာစု နှောင်းပိုင်း သို့မဟုတ် ၁၃ ရာစု အစောပိုင်းတွင် ဧကရာဇ်မင်းမြတ်၏ နိုင်ငံတော်ဗိမာန်အဖြစ် တည်ဆောက်ခဲ့သော Bayon သည် ခမာအင်ပါယာ၏ သင်္ကေတအချက်အချာဖြစ်ခဲ့သည့် ရှေးဟောင်းမြို့တော် Angkor Thom ၏ အလယ်ဗဟိုတွင်ရှိပါသည်။ ဧကရာဇ်မင်းကြီးက မြတ်စွာဘုရားအား ရည်စူး၍ ဤနိုင်ငံတော်၏ဘုရားကျောင်းကို မူလက “ဂျယာဂီရိ” (“အောင်ပွဲတောင်”ဟု အဓိပ္ပာယ်ရသော်လည်း ပြင်သစ်ခေတ်နှောင်းပိုင်းတွင် “ဘန်ယန်ဘုရားကျောင်း” ဟု အမည်ပြောင်းခဲ့သည်။ ဆက်လက်ပြီး Ta Prohm ဘုရားကျောင်းကို လည်ပတ်ပါမည်။ အခြား Angkor ဘုရားကျောင်းများ နှင့်မတူဘဲ Ta Prohm သည် တည်ဆောက် ထား ဆဲဖြစ်ပြီး အပျက်အစီးများနှင့် တောတွင်းပတ်ဝန်းကျင်တွင် ပေါက်နေ သော သစ်ပင်များ၏ ပုံသဏ္ဍာန်နှင့် လေထုပေါင်းစပ်မှုကြောင့် အန်ကောဝပ်၏ အကျော်ကြားဆုံး ဘုရားကျောင်းများထဲမှ တစ်ခုဖြစ်လာ ခဲ့သည်။ Pre Rup ဘုရားကျောင်းတွင်နေဝင်ချိန် အလှကိုခံစားကြပါမည်။ ညစာကို Apsara Dance ကြည့်ရှုရင်း ဘူဖေး သုံးဆောင်ပါမည်။ အန်ကော ညဈေးတွင် ဈေးဝယ်ရန် အချိန်ပေးပါမည်။ Siem Reap ရှိ ဟိုတယ်တွင်ညအိပ်ပါမည်။
Day 5: စီရမ်ရိမြို့ - ဘန်ကောက် -ရန်ကုန် (မနက်စာ)
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပါမည် ။သတ်မှတ်ချိန်တွင် လေဆိပ်သို့ ပို့ဆောင်ပေးပါမည်။ ဘန်ကောက်မှတဆင့် ဖြင့် ရန်ကုန်လေဆိပ်သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။
Last updated 4 months ago