Japan
Day 1 : ရန်ကုန် - ဘန်ကောက် - တိုကျို
ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်မှ ( ) လေကြောင်းခရီးစဉ် ဖြင့် ( ) ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ပျံသန်းမည် ဖြစ်ပါသည်။ လေယဉ်ပေါ်တွင် တစ်ညတာ အိပ်စက်အနားယူမည်ဖြစ်ပါသည်။
Day 2 : နံနက်စောစောတွင် တိုကျိုမြို့ရှိ နာရီတ လေဆိပ်သို့ နံနက် စောစော တွင် ရောက်ရှိမည်ဖြစ်ပါသည်။ လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက်ကြိုဆိုမည်ဖြစ်ပြီး တိုကျိုမြို့တွင် သက်တမ်းအကြာဆုံး ဘုရားကျောင်း တစ်ကျောင်းဖြစ်သော Asakusa Sensouji Temple သို့ သွားရောက် လည်ပတ်ကြပါမည်။ ဂျပန်လူမျိုးများ၏ ယဉ်ကျေးမှု့ ဓလေ့ထုံးစံနှင့် ဗိသုကာ လက်ရာများကို လေ့လာပြီးနောက် အထူးပင်စည်ကားလှသော Nakamise Street လမ်းမတစ်လျှောက်တွင် အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ရန် အချိန်ပေးပါမည်။ မိမိအစီအစဉ်ဖြင့် နေ့လည်စာသုံးဆောင်ပြီးပါက တိုကျိုတွင် အသစ်ဖွင့်လှစ်ထားရှိပြီး မိုးမျှော်သစ်ပင် ဟု တင်စား ခေါ်ဝေါ်သည့် ဂျပန်မှာသာမက ကမ္ဘာပေါ်တွင် အမြင့်ဆုံး ရုပ်သံလွှင့် တာဝါတိုင်ဖြစ်သော Tokyo Sky Tree သို့တက်ကာ မြို့အလှကို ကြည့်ရှု့ခံစားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးပါမည်။ ညစာသုံးဆောင်ပြီးပါက ဟိုတယ်သို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး တစ်ညတာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
Day 3 : ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက Imperial Palace ခေါ် ဂျပန်ဧကရာဇ် စံမြန်းရာအိမ်တော်သို့ သွားရောက်လည်ပတ်ပြီး ပြင်ပမှ အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထိုမှတဆင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အကောင်းဆုံး ကစားကွင်းများရှိရာ တိုကျို Disney Land သို့ကားဖြင့် သွားရောက်လည်ပတ်ပြီး ကစားကွင်းအတွင်းတွင် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော ကစားနည်းများနှင့် များပြားလှသော စိတ်ကြည်နှုးဖွယ်ကောင်းသော ကစားကွင်းအတွင်း တင်ဆက်မှုများကိုလည်း ကြည့်ရှု့ကြပါမည်။ ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး ဖျော်ဖြေရေး ပန်းခြံဖြစ်ပြီး တစ်နေရာတည်းတွင် တည်ရှိသော Disney Sea ရှိပြပွဲများတွင်လည်း ပါဝင်ဆင်နွဲနိုင်ပါသည်။ ထို့နောက် ညစာသုံးဆောင်ပြီး တစ်နေ့တာ ပင်ပန်းသမျှကို ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။