DAY
01: ARRIVE
GAYA – BODHGAYA ရန်ကုန်-ဂါယာ-ဗုဒ္ဓဂါယာ (ညစာ) 8M-601
(14:15-15:25)
ရန်ကုန် အပြည်ပြည်ဆိုင်ရာဆေဆိပ်သို့ နေ့လည် ၁၁ နာရီ အချိန်တွင် ရောက်ရှိပြီး အိန္ဒိယနိုင်ငံဂါယာလေဆိပ်သို့ ရောက်ရှိ ချိန်တွင် ဂါယာရှိ ဒေသခံဧည့်လမ်းညွှန် မှစောင့်ကြိုနေ၍ ကူညီ ဆောင်ရွက် ပေးပြီး ဟိုတယ် သို. Check-in လုပ်ရန် လိုက်ပါ ပို.ဆောင်ပေး ပါမည်။ ထို့နောက် မဟာဗောဓိပင် (သံဝေဇနိယ ဌာန ၊ အဝိဇဟိတ ဌာန) ရွှေပလ္လင် အပါအဝင် သတ္တသတ္တာ (၇) ဌာန တို့အား ဖူးမျှော်ပူဇော် ပါမည်။ ဗုဒ္ဓဂါယာမြို.ရှိ ဟိုတယ်၌ ညစာစားပြီး တစ်ညတာ အိပ်စက် အနားယူပါမည်။
DAY 02: BODHGAYA – VARANASI 250 Kms/ 05 – 06 Hrs ဂါယာ-ဗာရာဏသီ(မနက်စာ နေ့လည်စာ ညစာ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ နံနက် (၇) နာရီ အချိန်တွင် ဟိုတယ်မှထွက်ခွာပါမည်။ ထို့နောက် ဗုဒ္ဓ ဘုရား အဖြစ်သို့ ရောက်တော်မူ ပြီးနောက်
ရေချိုး သန့်စင် တော် မူရာ
နေရဥ္ဇရာမြစ် ကူးတံတားတို့အား ဖြတ်သန်းလေ့လာပါမည်။ ဆက်လက်ပြီး သုဇာတာ သူဌေးသမီး အထိမ်းအမှတ်စေတီ ၊ သုဇာတာ ဃနနို့ဆွမ်းကပ်ရာ ညောင်ပင်၊ ဉာဏ်တော်မြသုဇာတာ အိမ် နှင့်ပေ ၈၀
ရှိ ဗုဒ္ဓ ရုပ်ပွားတော် နှင့် အပြည်ပြည်
ဆိုင်ရာ ဘုန်းတော် ကြီး
ကျောင်း အမျိုးမျိုူး တည်ရှိ နေရာများသို့ သွားရောက် လည်ပတ်ကြပါမည်။ ဟိုတယ်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက်
ဗာရာဏသီမြို. သို.ထွက်ခွာ ပါမည်။ ကားမောင်းချိန်
(၅နာရီကျော် ၆နာရီနီးပါး ကြာမြင့်ပါမည်။
ထို့နောက် ဂင်္ဂါမြစ် တွင်လှေစီးကြပါမည်။ ညစာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဗာရာဏသီမြို ရှိဟိုတယ်တွင် တစ်ည တာအိပ်စက် အနားယူပါမည်။
DAY
03: VARANASI
– SRAVASTI 320 Kms/06 – 07 Hrs ဗာရာဏသီ-သာဝတ္တိ (မနက်စာ နေ့လည်စာ
ညစာ)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပါမည်။ နံနက် (၇) နာရီ အချိန်တွင် ဟိုတယ်မှထွက်ခွာပါမည်။ ထို့နောက် ဗုဒ္ဓဘာသာ ဝင်တို့ ၏ အထွတ် အမြတ် ထားရာ နေရာဖြစ်သော မြတ်စွာဘုရားရှင်
ပဉ္စဝဂ္ဂီ ငါးဦး အား ဓမ္မစင်္ကြာ တရားဦး ဟောတော် မူရာ Sarnath မြို. (မိဂဒါဝုန်) ၌ ဓမ္မာရာဇိက စေတီ၊ နှင့် ဓမ္မေခစေတီ
တို.အားဖူးမျှော် ပြီးနောက် သမင်ဥယျာဉ်၊ ထုထည် အလွန်ကြီးမား သော ခြင်္သေ့ရုပ်တုကြီး (၄)ခု၊
မူလဂန္ဓကုဋိ ဓါတ်တော်တိုက်နှင့် Sarnath ပြတိုက် သို့ သွားရောက်လေ.လာပါမည်။
Sarnath ပြတိုက်သည် အိန္ဒိယနိုင်ငံ၏ ရှေးဟောင်းသုတေသန စစ်တမ်း၏ ရှေးအကျဆုံးနေရာ ပြတိုက်ဖြစ်သည်။
နေ့လည်စာသုံးဆောင်ပြီးနောက် သာဝတ္ထိ မြို.သို့ထွက်ခွာပါမည်။ ကားမောင်းချိန်
၆ နာရီမှ ၇ နာရီထိ ကြာမြင့်ပါမည်။
ညစာသုံးဆောင်ပြီး သာဝတ္ထိမြို.ရှိ
ဟိုတယ် တွင် တစ်ညတာ အိပ်စက်အနားယူပါမည်။
DAY 04: SRAVASTI - LUMBINI 200 Kms/04 - 05 Hrs သာဝတ္ထိ- နီပေါနိုင်ငံ လုမ္ဗိနီ (မနက်စာ နေ့လည်စာ ညစာ)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပါမည်။ နံနက် (၇) နာရီ အချိန်တွင် ဟိုတယ်မှထွက်ခွာပါမည်။ ထို့နောက် အနာထပိဏ်သူဌေး၏ ဖိတ်ကြားချက်အရ
မြတ်စွာဘုရား သည် ဝါတွင်း(၂၄)ဝါ
တိုင်အောင် သီတင်းသုံးခဲ့သောဇေတဝန်ကျောင်းတော်ရာ(အဝိဇဟိတဌာန)၊ အင်္ဂုလိမာလစေတီ၊ နှင့်
မြတ်စွာဘုရား၏ ညီတော်အာနန္ဒာ စိုက်ပျိုးခဲ့သော ဗောဓိညောင်ပင် စသည့်ဗုဒ္ဓဘာသာဝင်များ
ကိုးကွယ်ရာ အထင်ကရ နေရာများကို သွားရောက်လေ့လာပါမည်။ ဟိုတယ်တွင် နေ့လည်စာ သုံးဆောင်ပြီးနောက် ဗုဒ္ဓမြတ်စွာဘုရားရှင်မွေးဖွားရာ
နီပေါနိုင်ငံ လုမ္ဗိနီ ဌာနသို.ထွက်ခွာပါမည်။
(ကားမောင်းချိန် ၄ နာရီမှ ၅ နာရီထိ
ကြာမြင့်ပါမည်) လုမ္ဗိနီမြို.ရှိ
ဟိုတယ်၌
ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက် အနားယူ ပါမည်။
DAY 05: LUMBINI – KUSHINAGAR 180 Kms/04 Hrs လုမ္ဗိနီ – ကုသိနာရုံ (မနက်စာ နေ့လည်စာ ညစာ )
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပါမည်။ နံနက် (၇) နာရီ အချိန် တွင် ဟိုတယ်မှထွက်ခွာပါမည်။ ထို့နောက် မြတ်စွာဘုရားလောင်း ဖွားမြင်ရာ လုမ္ဗိနီ အင်ကြင်းတော(သံဝေဇနိယဌာန)ရှိ တန်ခိုးကြီး ဘုရားစေတီများ၊ ဘုရား လောင်း၏ မယ်တော်မာယာ ရေချိုး သန်.စင်ရာရေကန်၊ မယ်တော်မာယာ ဘုရားကျောင်း၊ အသောက မင်းကြီး၏ကျောက်စာတိုင် စသည့် အထင်ကရ နေရာများသို. သွားရောက် ဖူး မြော်ပြီး ဟိုတယ်တွင် နေ့လည်စာ သုံးဆောင် ပါမည်။ ထို့နောက် ကုသိနာရုံမြို. သို. ထွက်ခွာပါမည်။ ကားမောင်းချိန် (၄) နာရီခန့် ကြာမြင့်ပါမည်။ ကုသိနာရုံမြို..ရှိ ဟိုတယ်၌ ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက် အနားယူပါမည်။
မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (ဘီစီ ၆၂၄၊ ဧပြီလ ၂၆ ရက်) လုမ္ဗိနီ ဥယျာဉ်၌ နံနက် တစ်ချက်တီးအချိန် မယ်တော်မာယာသည် အင်ကြင်းပင်၏အခက်ကို လက် တစ်ဖက်ဖြင့် ကိုင်စဉ်မှာပင် ဘုရားလောင်းကို မွေးဖွားသန့်စင်ပါ သည်။
DAY 06: KUSHINAGAR– PATNA 350 Kms /07 -08 Hrs ကုသိနာရုံ-ဝေသာလီ-ပတ္တနား (မနက်စာ၊ နေ့လည်စာ ၊ ညစာ)
ဟိုတယ်တွင်
နံနက်စာသုံးဆောင်ပါမည်။ နံနက် (၇) နာရီ အချိန်တွင် ဟိုတယ်မှထွက်ခွာပါမည်။
ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံရာ ကုသိနာရုံဌာနရှိရာ မဟာပရိနိဗ္ဗာန် စေတီတော် (သံဝေဇနိယဌာန) တွင် သင်္ကန်း ကပ်လှူပူဇော်ပါမည်။
ဆက်လက်ပြီး တေဇောဓါတ် လောင်ကျွမ်းတော်မူ သည့် အင်္ဂါရ စေတီ၊ နောက်ဆုံးရေကြည်တော် သောက်သုံးခဲ့ သည့် စေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ နှင့် ကျောက်တစ်လုံး ထဲမှ ထွင်းထားသော ဉာဏ်တော် (၃)မီတာ အမြင့်ရှိ ကေစရိယ စေတီ
နေရာများသို. သွားရောက် ဖူးမြော်ပြီး ဟိုတယ်တွင် နေ့လည်စာ သုံးဆောင်ပါမည်။
ထို့နောက် ဝေသာလီမြို့မှ တဆင့် ပတ္တနားမြို့သို့ ထွက်ခွာပါမည်။
ကားမောင်းချိန် (၇/၈ နာရီခန့်ကြာမြင့် နိုင်ပါ
သည်) ထို့နောက် ပတ္တနား မြို့ရှိ ဟိုတယ်၌
ညစာသုံးဆောင်ပြီး တစ်ညတာအိပ်စက် အနားယူပါမည်။
DAY 07: PATNA - BODHGAYA 120 Kms / 02Hrs ပတ္တနား-ဂါယာ(မနက်စာ၊ နေ့လည်စာ ၊ ညစာ)
ဟိုတယ်၌နံနက်စာသုံးဆောင်ပါမည်။
ထို့နောက် နံနက် (၇) နာရီအချိန်တွင် ဂါယာသို့
ပြန်လည် ထွက်ခွာ ပါမည်။ ကားမောင်းချိန်
(၂) နာရီခန့်ကြာမြင့် ပါမည်။ ဟိုတယ်တွင် နေ့လည်စာသုံးဆောင်ပြီး ဗုဒ္ဓဂါယာ ၏ အရှေ.မြောက် ဘက် ၁၂ ကီလိုခန်. အကွာအဝေးရှိ ဒုက္ကရ စရိယာ ကျင့်တော်မူသော ဥရုဝေလတော၊ သို. သွားရောက် လေ့လာ ကြမည်။ ဒုက္ခစရိယ လိုဏ်ဂူတော်တွင်း၌
ဂူကြီး ၃ ဂူရှိပြီး ဗုဒ္ဓမြတ်စွာ ဘုရားက
ဒုက္ခစရိယကျင့်စဉ်ကို (၆)နှစ်တိုင်အောင် ကျင့်ကြံ အားထုတ်နေခဲ့တော်မူသည့် နေရာ များဖြစ်ပါသည်။
ယင်းဂူများတွင် ဗုဒ္ဓမြတ်စွာ ဘုရားက
ဒုက္ခစရိယ ကျင့်စဉ်ကို
ကျင့်ကြံအားထုတ်နေခဲ့ တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်အပြင် ဗုဒ္ဓဘာသာဝင်များက တည်ထားကိုးကွယ် ထားသည့် အခြားစေတီ ပုထိုးများ လည်းရှိပါသည်။
ဗုဒ္ဓဂါယာမြို.ရှိ ဟိုတယ် တွင်
ညစာ စားပြီး
တစ်ညတာအိပ်စက်အနားယူပါမည်။
DAY 08: BODHGAYA - GAYA – DEPARTURE ဂါယာ-ရန်ကုန် (မနက်စာ၊ နေ့လည်စာ) 8M-602 (16:25-19:35)
ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပါမည်။ ထို့နောက် နံနက် (၇) နာရီတွင် မဟာဗောဓိစေတီတော်သို့ ထပ်မံဖူးမျှော်ပြီး သင်္ကန်းကပ်လှုပူဇော်ပါမည်။
စိတ်ကြိုက် ဈေးဝယ်နိုင်ရန် အချိန်ပေးပါမည်။ နေ့လည်စာ သုံးဆောင် ပြီးနောက် ဂါယာလေဆိပ်သို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့
ပြန်လည် ထွက်ခွာပါမည်။ ညနေ 19:35 အချိန်တွင်ရန်ကုန်သို့
ပြန်လည်ရောက်ရှိပါမည်။
“ကုသိုလ်ထူးများရရှိသောခရီးစဉ်လေးဖြစ်ပါစေလို့
Sonic Star Travel မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် “
Last updated 1 week ago