DAY
1 : ARRIVE NEW DELHI by 8M# (07:20 - 10:00)– AGRA
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်သို့ မနက် (04:00) နာရီအရောက် ဂိတ်နံပါတ် (3) သို့ မိမိအစီအစဉ်ဖြင့် လာရောက်ရပါမည်။ လေဆိပ်တွင် မြန်မာ တိုးလီဒါ နှင့်
အတူ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့
အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်း ခရီးစဉ် 8M 620 (07:20/ 10:00) ဖြင့်ထွက်ခွာပြီးနယူးဒေလီမြို့သို့
ပျံသန်းရောက်ရှိ ပါမည်။ လေဆိပ်တွင် ဧည့်လမ်းညွန်မှ လာရောက်ကြိုဆိုပြီး နေ့လည်စာကို
ဒေသတွင်း စားသောက်ဆိုင် တွင် သုံးဆောင်ပါမည်။ ထို့နောက် နယူးဒေလီမြို့လယ်တွင်
တည်ရှိသော ၄၂ မီတာ အမြင့်ရှိ INDIA GATE သို့
သွားရောက်လေ့လာ အမှတ်တရဓါတ်ပုံရိုက်ကူးပါမည်။ ဆက်လက်၍ President House နှင့် Parliament House တို့ကို ကားပေါ်မှနေ၍ လည်ပတ်
ကြည့်ရှုမည်ဖြစ်ပါသည်။ ဆက်လက်၍ ဘာသာရေး၊ လူမျိုးရေး နောက်ခံ အရပ်ရပ်ရှိ ပြည်သူများ
အတွက် ပရိ၀ုဏ်အတွင်း တရားထိုင်ရန်အတွက် အထူး ကောင်းမွန်သော ကြာပန်းပုံ သဏ္ဍာန် တည်ဆောက်ထားသော
LOTUS TEMPLE သို့ သွားရောက် ဖူးမျှော် ပါမည်။ နယူးဒေလီမြို့မှ ၂၃၅ ကီလိုမီတာ အကွာ
အဝေးတွင်ရှိသော Agra (အဂရာ) မြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ (ကားမောင်းကြာချိန် - 3
နာရီ ခွဲခန့် ကြာမြင့်ပါမည်) Agra
ရှိ SAURA ဟိုတယ်တွင် Check – In ဝင်ရောက်ပါမည်။ စာကို Hotel တွင် အရသာ ရှိစွာ သုံးဆောင်ပြီးနောက်
တစ်ညတာ အိပ်စက်အနားယူပါမည်။
DAY
2 : AGRA – NEW DELHI
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက်
၁၆၃၁ မှ ၁၆၄၈ ခုနှစ်အတွင်း အဖြူရောင်စကျင်ကျောက်များဖြင့် တည်ဆောက် ထားသော TAJ
MAHAL ဂူဗိမာန်သို့ သွားရောက်လေ့လာကြပါမည်။
ကမ္ဘာ့အံဖွယ်စာရင်းဝင် 7 Wonder of the
World တွင်တစ်ခု ပါဝင်တဲ့ စကျင်ကျောက် တုံးများဖြင့် ၁၇နှစ် ကြာတည်ဆောက်ထားတဲ့
ခမ်းနားထည်ဝါလှတဲ့ TAJ MAHAL သည် အိန္ဒိယနိုင်ငံ၏ အထင်ကရ အဆောက်အဦးတွေထဲမှ အမွေအနှစ်လက်ရာတစ်ခုဖြစ်သောကြောင့်
ရင်သပ်ရှုမောဖွယ် ကောင်းလှ ပါသည်။ အိန္ဒိယရိုးရာ ဆာရီများဝတ်ဆင်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကြပါမည်။
ဆက်လက်ပြီး AGRA FORT သို့ သွားရောက်လည်ပတ်ပါမည်။ AGRA FORT သည် အိန္ဒိယနိုင်ငံရှိ AGRA မြို့၏ သမိုင်းဝင် ခံတပ် တစ်ခုဖြစ်ပါသည်။ RED FORT ဟုလဲ လူသိများပါသည်။ Agra ခံတပ်သည်
UNESCO ကမ္ဘာ့ အမွေအနှစ် နေရာ တစ်ခု လည်း ဖြစ်ပါ သည်။ Agra မြို့သည် ခံတပ်ကာရံထားသောမြို့
အဖြစ် ထင်ရှားကျော်ကြားပါသည်။ နေ့လည်စာကို Local Restaurant တွင် အရသာ ရှိစွာ သုံးဆောင်ပြီးနောက်
နယူးဒေလီမြို့သို့ ပြန်လည်ထွက်ခွာလာပါမည်။ ထို့နောက် နယူးဒေလီမြို့ရှိ HOTEL ASHOK
COUNTRY ဟိုတယ်တွင် Check-In ဝင်ရောက်ပါမည်။ ညစာ ကို ဟိုတယ် တွင် အရသာ ရှိစွာ သုံးဆောင်ပြီးနောက်
အေးချမ်းစွာ အိပ်စက် အနားယူ ပါမည်။