ပထမနေ့- ရန်ကုန် ~ ဘန်ကောက် ~ ကိုလံဘို -~နီဂမ်ဘို
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် (11:25) AM အချိန်တွင် ဘန်ကောက်မြို့သို့ စတင်ထွက်ခွာပါမည်။ ဘန်ကောက်မြို့သို့ (13:25) တွင် ရောက်ရှိပါမည်။ (နေ့လည်စာအား ဘန်ကောက်လေဆိပ်တွင် ဧည့်ခံပါမည်။) ဘန်ကောက်မြို့မှ ည (21:40) PM တွင် ကိုလံဘိုမြို့သို့ ထွက်ခွာပြီး ည (23:55) PM တွင် ကိုလံဘိုမြို့သို့ ရောက်ရှိပါမည်။ ထို့နောက် နီဂမ်ဘို သို့ ကားဖြင့် ဆက်လက်ထွက်ခွာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။ Earl’s Regent Negombo Hotel or same class
ဒုတိယနေ့ - နီဂမ်ဘို ~ ဒမ္ဘူလ ~
ဟာဘာရာနာ (Habarana)
ဟိုတယ်တွင်နံနက်စာ သုံးဆောင်ပြီးနောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
ကျောက်တောင်ကို ထွင်းထုထားသော လိုဏ်ဂူများအတွင်းရှိ ရှေးခေတ်နံရံဆေးရေးပန်းချီများ၊
ရုပ်ပွားတော်များကို ဖူးမြော်နိုင်မည့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိ
ဒမ္ဘူလကျောက်တောင်ဂူသို့ သွားရောက်ဖူးမြော်ကြပါမည်။ GOLDEN TEMPLE ထိုင်တော်မူရာ ရွှေဘုရားကိုလည်း ဖူးမြော်ကြပါမည်။ နေ့လည်စာကို ပြည်တွင်းစားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟာဘာရာနာ
(Habarana
) မြို့သို့ ထွက်ခွာပါမည်။
ဟာဘာရာနာရှိ ဟိုတယ်တွင် ညစာသုံးဆောင် ပြီးနောက် တစ်ညတာအိပ်စက်အနားယူပါမည်။
တတိယနေ့ - ဟာဘာရာနာ ပေါလုနရုဝ ဟာဘာရာနာ
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သီရိလင်္ကာ၏ ဒုတိယမြောက်
ရှေးဟောင်းနေပြည်တော်ဖြစ်သော
ပေါလုနရုဝမြို့သို့ ခရီးဆက်ပါမည်။ ပေါလောနရုဝ မြို့ (Polonnaruwa ) ဆိုတာ သီတာ ရာမ ဇာတ်တော်ထဲက
လင်္ကာဒီပကျွန်း...(သီဟိုဠ်ကျွန်း)...ယခု သီရိလင်္ကာနိုင်ငံက
ရှေးဟောင်းမြို့တော် ယူနက်စကို မှတ်တမ်းဝင်
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်မြို့ဟောင်းဖြစ်ပြီး မြန်မာနိုင်ငံက ပုဂံခေတ်
အနော်ရထာမင်းနဲ့ ခေတ်ပြိုင်နိုင်ငံတစ်ခု ဖြစ်ခဲ့ပါသည်။ နှစ်ပေါင်း ၇၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်ပြီးမှ ပြန်ရှာတွေ့တဲ့မြို့တော် တစ်ခုဖြစ်ပြီး
သီရိလင်္ကာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်၃ခုထဲက တစ်ခုဖြစ်ပါတယ်။
မြတ်စွာဘုရားရဲ့ စွယ်တော် ကိန်းဝပ်ဖူးခဲ့တဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။
ပေါလုနရုဝ (Polonnaruwa)
– ဒုတိယ မြို့တော်ဟောင်း
အနုရာဓပူရ ပျက်စီးပြီးနောက် ၁၁ ရာစုကနေ ၁၃ ရာစုအထိ ထွန်းကားခဲ့တဲ့ ဒုတိယမြောက်
မင်းနေပြည်တော် ဖြစ်ပါတယ်။ အနုရာဓပူရထက် ပိုမိုခေတ်နှောင်းတာကြောင့်
အဆောက်အအုံတွေရဲ့ အနုပညာလက်ရာတွေက ပိုမိုကျန်ရှိပြီး ထင်ရှားပါတယ်။
ဂီလ်ဝိဟာရ (Gal
Vihara): ပိုလွန်နာရူဝါရဲ့ အကောင်းဆုံး အနုပညာလက်ရာလို့ ပြောနိုင်ပါတယ်။
ကျောက်တောင်နံရံကြီးတစ်ခုတည်းကို ထုဆစ်ပူဇော်ထားတဲ့ ထိုင်တော်မူ၊ ရပ်တော်မူ၊
လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး ၄ ဆူကို အလွန်လက်ရာမြောက်စွာ တွေ့မြင်ရမှာပါ။
ပရက်ကရမာဗာဟု နန်းတော်ရာ (Royal Palace of King Parakramabahu): ရှေးခေတ်က အလွှာ ၇ ထပ်အထိ ရှိခဲ့တယ်လို့ ဆိုကြတဲ့ ဘုရင်ကြီးရဲ့
နန်းတော်ပျက်ကြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ အုတ်တံတိုင်းကြီးတွေနဲ့
အောက်ခြေပိုင်းကို လေ့လာနိုင်ပါတယ်။
ကွာဒရန်ဂယ် (The
Quadrangle): စတုရန်းပုံစံ နယ်မြေတစ်ခုအတွင်းမှာ ရှေးဟောင်းအဆောက်အအုံတွေ
စုဝေးနေတဲ့နေရာပါ။ အဲ့ဒီထဲမှာ စက်ဝိုင်းပုံစံ ဆန်းကြယ်တဲ့ ဗုဒ္ဓဂယာကျောင်းတော် (Vatadage)၊ Hatadage
နဲ့ Nissanka Latha Mandapaya တို့လို ထူးခြားတဲ့ ဗိသုကာလက်ရာတွေ ရှိပါတယ်။
ထို့နောက် ဟာဘာရာနာမြို့သို့ပြန်လည် ထွက်ခွာပြီး ဟိုတယ်တွင် ညစာသုံးဆောင်
ပြီးနောက် တစ်ညတာအိပ်စက်အနားယူပါမည်။
နောက်တစ်နေ့တွင် အပေါ်အဖြူ
အောက်အဖြူ ဝတ်စုံကိုဝတ်ဆင် ရပါမည်။
စတုတ္ထနေ့ : ဟာဘာရာနာ - အနုရာဓပူရ - ဟာဘာရာနာ (
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သီရိလင်္ကာ၏ ပထမဆုံးနှင့် အကြီးကျယ်ဆုံး
ရှေးဟောင်းမြို့တော်ဖြစ်သည့် အနုရာဓပူရ (Anuradhapura) သို့ ထွက်ခွာပါမည်။ သီရိမဟာဗောဓိပင်
နှင့် ဗုဒ္ဓသာသနာစတင်ရာ ရဟန္တာမဟိန္ဒထေရ်မြတ်တို့ သီရိလင်္ကာသို့ စတင်ကြွလာစဉ်
ကောင်းကင်ယံမှ ဆင်းသက်တော်မူရာ မဟိန္ဒတောင်သို့ သွားရောက်ကြပါမည်။
ထို့နောက် ကျောက်တိုင်ပေါင်း (၁၆၀၀) ရှိသော ဘုံကိုးဆင့်နှင့်
လောဟပါသာဒကြေးပြာသာဒ်ဆောင်၊ ကမ္ဘာပေါ်တွင် ဓါတ်တော်၊ မွေတော်အများဆုံး
ဌာပနာထားရှိရာ သီရိလင်္ကာနိုင်ငံ၏ အကျော်ကြားဆုံးနှင့် အကြီးမားဆုံး မဟာစေတီ၊
ဘုရားရှင်၏ လက်ယာညှပ်ရိုးတော် ဌာပနာထားသော ထူပါရာမစေတီ၊ သီရိလင်္ကာနိုင်ငံတွင်
အစောဆုံးတည်ခဲ့သော ဣစရုမုနိကျောင်းတော်၊ အဘယဂီရိစေတီ၊ ဇေတဝန်စေတီ၊
ငြုပ်သီးတစ်ထောင့်စေတီ (မရစ္စဝစေတီ)၊ သမာဓိရုပ်ပွားတော်၊ ရေကန်ညီနောင်၊
လခြမ်းကျောက်ဖြာ (MOON
STONE) တို့ကို သွားရောက်ဖူးမြော်ကြပါမည်။ ဆက်လက်ပြီး မဟိန္ဒလေ့တောင်နှင့် စေတီများအား သွားရောက်ဖူးမျှော်ပါမည်။ ထို့နောက် ဟာဘာရာနာ သို့ပြန်လည်ထွက်ခွာပြီး ဟိုတယ်တွင်
ညစာသုံးဆောင်ကာ အိပ်စက်အနားယူကြပါမည်။
ပဥ္စမနေ့ ဟာဘာရာနာ - အာလုဝိဟာရ - မာတလေ့ - ကန္ဒီမြို့
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းတွင်
အရေးပါလှသော အလုဝိဟာရ လှိုင်ဂူဘုရား ရှိ လှိုင်ဂူ (၁၃) ဂူကို လေ့လာပါမည်။ အလုဝိဟာရ
သည် သီရိလင်္ကာနိုင်ငံတွင် စတုတ္ထသင်္ဂါယနာတင်သောနေရာဖြစ်ပြီး မြတ်စွာဘုရားရှင် ဟောကြား တော်မူခဲ့သော
ဒေသနာတော်များကိုနှုတ်ငုံအာဂုံဆောင်ရာမှ အရှင်ဓမ္မရက္ခိတမထေရ်ဦးဆောင်ပြီး သံဃာ
တော်(၅၀၀)ပါး ပေထက် အက္ခရာ တင်တော်မူသော နေရာသို့ သွားရောက်ဖူးမျှော်ပါ မည်။ ခရစ်တော်မပေါ်မီ (၃) ရာစုတွင်
ဒေဝါနံပိယတိဿမင်းကြီး (King Devanampiya Tissa) မှ တည်ထောင်ခဲ့ပါသည်။
ထို့နောက် ဟင်းခတ်အမွှေးအကြိုင်များနှင့် လက်ဖက်များထုတ်လုပ်သော
မာတေးလ် (Matale) မြို့ရှိ
စိုက်ပျိုးရေးခြံများသို့ သွားရောက် ပါမည်။ မာတေးလ် (Matale) မြို့သည် လက်ဖက်၊ ရာဘာ၊ ဟင်းသီးဟင်းရွက်နှင့်
ဟင်းခတ်အမွှေးအကြိုင် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင် ကြသည်။ နေ့လည်စာသုံးဆောင်ပြီး
နောက် ကန္ဒီမြို့သို့ထွက်ခွာပါမည်။ ညစာကို ကန္ဒီမြို့ရှိ QUEEN HOTEL တွင် သုံးဆောင်ပြီး တစ်နှစ် တစ်ကြိမ်သာ ကျင်းပသော ကြီးကျယ်ခမ်းနားလှသည့်
စွယ်တော်လှည့်လည်ပူဇော်ပွဲကို ဟိုတယ်ရှေ့ထိုင်ခုံများမှ ပူဇော်ကြည့်ရှုပြီး ဟိုတယ်
တွင် အိပ်စက် အနားယူပါမည်။ နောက်တစ်နေ့တွင် အပေါ်အဖြူ
အောက်အဖြူဝတ်စုံ ဝတ်ဆင်ရပါမည်။
ဆဋ္ဌမနေ့ ကန္ဒီ-ကိုလမ်ဘို
နံနက်စောစောတွင် စွယ်တော်မြတ်ကိန်းဝတ်ရာ စွယ်တော်တိုက်ပရဝုဏ်အတွင်းရှိ မြတ်စွာဘုရားရှင်၏ "လက်ဝဲအောက်စွယ်တော်"အား
သွားရောက် ဖူးမျှော် ပါမည်။ ကန္ဒီမြို့စွယ်တော်တိုက်အတွင်း
ကိန်းဝပ်စံပါယ်တော်မူနေသည်မှာ မြတ်စွာဘုရားရှင်၏ "လက်ဝဲအောက် စွယ်တော်"
ဖြစ်ပါသည်။
ဆက်လက်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဖြစ်သော ကန်ဒီမြို့ကို ဒေသခံများက
"နုဝရ" (မဟာမြို့တော်) ဟု ခေါ်ဆိုကြပြီး သီရိလင်္ကာနိုင်ငံ၏
တောင်ပေါ်မြို့တော်သို့သွားရောက်ပါမည်။ နေ့လည်စာကိုဒေသတွင်း စားသောက်ဆိုင်တွင်
သုံးဆောင်ပြီးနောက် နီဂမ်ဘိုမြို့သို့ထွက်ခွာပြီး ဟိုတယ်တွင် တစ်ညတာအိပ်စက်ပါမည်။
သတ္တမနေ့ -ကလျာဏီ / ဂင်္ဂါရာမယ
- ဘန်ကောက်
ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် မြတ်စွာဘုရားရှင် တတိယအကြိမ် ကြွတော်မူရာ ကလျာဏီမြစ်နှင့်
ကလျာဏီသိမ်တော်အား သွားရောက်ဖူးမြော်ကြပါမည်။ နေ့လည်စာကို Local Restaurant
တွင်သုံးဆောင်ပြီးနောက် Lotus Tower, Victoria Park , Nelum Pokuna Theatre
Hall များသို့ပို့ဆောင်ပေးပါမည်။ ဆက်လက်ပြီး ရှေးဟောင်းရုပ်ပွားတော်များကို
တစ်စုတစ်ဝေးတည်း တွေ့မြင်နိုင်သော ကိုလံဘို မြို့ရှိ ဂင်္ဂါရာမရုပ်စုံကျောင်း
သို့သွားရောက် ဖူးမျှော်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ကို